စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားတို့သည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်၊ ထိုပညာရပ်နယ်ပယ်များကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ် နေပြည်တော်၊ စက်တင်ဘာ - ၃ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးစသည့်နယ်ပယ်များကိုအောင်အောင်မြင်မြင် စီမံလုပ်ဆောင် နိုင်ရန်အတွက်ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်တစ်နည်းအားဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်များကို လှုံ့ဆော်မှုပြုနိုင်သည့်အရည်အသွေးစစ်မှန်မြင့်မားသော ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားများသည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည် ချစ်စိတ် ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်ကြောင်း၊ ထိုပညာရပ် နယ်ပယ် များကိုတိုင်းပြည်အတွက် အကျိုးရှိရှိအသုံးချရမည်ဖြစ်ပြီး တိုးတက်သည့်နိုင်ငံတိုင်း၊ ခိုင်မာမှုရှိသည့် နိုင်ငံတိုင်းတွင် စနစ်တကျအားပေးဆောင်ရွက်နေကြသည်ကိုတွေ့နိုင်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည် သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။ ဆက်လက်ဖတ်ရှုရန် Read သို့မဟုတ် Link ကိုနှိပ်ပါ။(Zawgyi and Unicode Version) http://www.cincds.gov.mm/node/230